RSS
Tools
Yamunaclinic.org
May 23

Newsflash

vaginal bleeding မွေးလမ်းကနေ သွေးဆင်းတာဟာ ကိုယ်ဝန် ရှိမနေရင်
(Submucosal Fibroid အသားပိုအလုံး၊ Endometrial cancer ကင်ဆာ နဲ့ Endometrial polyp အညှာရှိ-အသားပို) သားအိမ် ရောဂါတွေ နဲ့ (Cervicitis သားအိမ်ဝရောင်၊ Cervical polyp အညှာရှိ-အသားပို) သားအိမ်ဝ ရောဂါတွေကနေ ဖြစ်နိုင်တယ်။ နောက်ပြီး ထိခိုက်မိတာ၊ သားအိမ်ထဲ ပစ္စည်းပိုတခုခု ဝင်နေတာကိုလည်း စဉ်းစာရတယ်။

Read more...
Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး PDF Print E-mail
Medical Writings - Medical Writings
Written by Administrator   
Sunday, 28 August 2011 12:07

27 Aug 11, 20:13
Omega 3 ငါးကြီးဆီ ၏ ကောင်းကျိုး ဆိုးကျိုးများကို သိချင်လို့ပါ။

(အိုမီဂါ သရီး) ကို Omega-3 fatty acids လို့ အတိအကျခေါ်တယ်။ လူတွေအတွက် မရှိမဖြစ်တဲ့ အစာအမျိုးအစားထဲက တခု ဖြစ်ပါတယ်။ ငါးတွေကနေ ရတာများပေမဲ့ ငါးကြီးဆီလို့ ခေါ်တာ မမှန်ပါ။ ဗီတာမင် အေ များတာကိုမှ Cod liver oil လို့ ခေါ်ရတယ်။

(အိုမီဂါ သရီး) ဟာ Brain function ဦးနှောက်အလုပ်တွေနဲ့ Growth and development ကြီးထွားဘို့ အတွက်ပါ လိုအပ်တယ်။ ပေါ်ပြူလာဖြစ်လာကတော့ Heart disease နှလုံးရောဂါဖြစ်မှာကို တားပေးနိုင်လို့ပါ။ American Heart Association အမေရိကန် နှလုံးရောဂါအဖွဲ့ ကနေ ငါးတမျိုးမျိုးကို တပါတ်မှာ ၂ ခါ စားသင့်ပါတယ်လို့ အကြံပြုထားပါတယ်။

Omega-3 fatty acids အမျိုးအစားတွေထဲက Eicosapentaenoic (EPA) နဲ့ Docosahexaenoic acid (DHA) တွေပါတဲ့ ငါးတွေက Salmon (ဆာလ်မွန်)၊ Tuna (ကျူနာ)၊ Halibut (ဟာလီဘတ်) ငါးတွေဖြစ်တယ်။ Seafood ပင်လယ်စာတွေထဲက Algae (အယ်လ်ဂျေး) နဲ့ Krill (ကရေးလ်) တွေကနေ သာမက Plants အပင်တွေနဲ့ Nut oils အစေ့အဆံကရတဲ့ အဆီတွေမှာလဲ ပါတယ်။ ALA ဆိုတာက Flaxseeds နှမ်းကြတ်စေ့၊ Flaxseed oil နှမ်းကြတ်ဆီ၊ Canola oil ပန်းနှမ်းဆီ၊ Soybeans ပဲပုပ်စေ့၊ Soybean oil ပဲပုပ်စေ့ဆီ၊ Pumpkin seeds ဖရုံစေ့၊ Pumpkin seed oil ဖရုံစေ့ဆီ၊ Walnuts သစ်ကြားသီး၊ Walnut oil သစ်ကြားစေ့ဆီ တွေကနေ ရတယ်။

သုတေသနတွေအရ Omega-3 fatty acids ကြောင့် Inflammation ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည် ရောဂါတွေထဲက Heart disease နှလုံးရောဂါ၊ Cancer ကင်ဆာ နဲ့ Arthritis အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာ အကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီး လာစုနေတယ်။ ဒါ့ကြောင့် Cognitive ဦးနှောက် မှတ်ဥာဏ်၊ စဉ်းစားမှု နဲ့ Behavioral function အမူအယာ အလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ Omega-3 fatty acids  အလုံအလောက် မရရင် ကလေးဟာ Vision အမြင်ဆိုင်ရာ နဲ့ Nerve တွေမှာ အားနည်းနိုင်တယ်။

ဒီဓါတ်နည်းနေတဲ့ လက္ခဏာတွေကတော့ Fatigue အားယုတ်မယ်၊ Memory မှတ်ဥာဏ်နည်းမယ်၊ Skin အရေပြား ခြောက်နေမယ်၊ Heart နှလုံးရောဂါရမယ်၊ Mood swings စိတ်မူပြောင်းမယ်၊ Depression စိတ်ဓါတ်ကျမယ်၊ Circulation သွေးလှည့်တာ မကောင်းဘူး။

Omega-3 နဲ့ Omega-6 တွေ မျှတဘို့ လိုတယ်။ Omega-6 fatty acids အတော်များများက ရောင်ရမ်းဖြစ်စဉ်ကို အားပေးတယ်။ အမေရိကန်တွေ အများဆုံးစားနေကြတဲ့ အစာထဲမှာ ၆ အမျိုးအစားက ၃ အမျိုးအစားထက် ၁၄-၂၅ ဆ ကဲနေတာ မကောင်းဘူး။
Mediterranean diet မြေထဲပင်လယ်ဒေသ အစားအစာမှာတော့ ၃ နဲ့ ၆ မျှတလို့ ကောင်းတယ်။ ဒီလို အသားနည်းပြီး ငါးများတဲ့ အစားတွေမှာ Good cholesterol ခေါ်တဲ့ HDL ကောင်းတဲ့ (ကိုလက်စထော) ပိုများလို့ ပိုကောင်းတယ်။ Inuit Eskimos (အက်စကီမိုး) တွေ စားတာလဲ အတူတူဘဲ။ သွေးထဲမှာ Triglycerides အဆီဓါတ် နည်းစေလို့ ကောင်းတယ်။

Walnuts အစေ့အဆံတွေမှာလဲ Omega-3 fatty acid တမျိုးဖြစ်တဲ့ Alpha linolenic acid (LNA) များလို့ ကောင်းတယ်။ သွေးတိုး ရှိသူတွေအတွက်လဲ ကောင်းတာကို Clinical studies ဆေးကုသပြီး လေ့လာချက်တွေမှာ သိရတယ်။ ၁၇ နေရာမှာ စမ်းတော့ သွေးတိုးရှိပြီး သွေးကျဆေး မသောက်သူတွေကို Fish oil ငါးအဆီ 3 grams ပေးတာ သက်သာတာ တွေ့တယ်။ ဆီးချိုရှိသူတွေမှာ အများအားဖြင့် Triglyceride များပြီး HDL levels နည်းနေတတ်တယ်။ ဒီလိုလူနာတွေကို Omega-3 fatty acids ပေးတာ ကောင်းတယ်။ သတိတော့ ထားရမယ်။

• Rheumatoid arthritis အဆစ်နာရောဂါ တာရှည်နေသူတွေကိုလဲပေးရင် (NSAIDs) အနာအကိုက်သက်သာဆေး နည်းပေးလို့ ရတာ တွေ့ရတယ်။
• Systemic lupus erythematosus (SLE) ခေါ်တဲ့ ရောဂါပြီးစနစ် ချို့ယွင်းလို့ ဖြစ်တဲ့ရောဂါသည်တွေမှာလဲ အဲလိုဘဲ။ • Osteoporosis အရိုးအားနည်းရောဂါ၊
• Depression စိတ်ကျရောဂါ၊
• Bipolar disorder စိတ်နှခွရောဂါ၊
• Schizophrenia (စကစ်ဗိုဖရီးနီးယား) စိတ်ရောဂါ၊
• Attention deficit/hyperactivity disorder (ADHD) သတိမမူစိတ်ရောဂါ၊
• Skin disorders အရေပြားနာတွေ
• Inflammatory bowel disease (IBD) အစာခြေလမ်းမကောင်းတဲ့ရောဂါ၊
• Asthma ပန်းနာ၊
• Macular Degeneration အသက်ကြီးသူတွေဖြစ်တဲ့ မျက်စိမှုံရောဂါ၊
• Menstrual pain ရာသီလာရင် ဗိုက်နာတာ။
• Coloncancer အူမကြီး-ကင်ဆာ၊
• Breast cancer ရင်သား-ကင်ဆာ၊
• Prostate cancer ယောက်ျား ဆီးကျိတ်-ကင်ဆာတွေအတွက်လဲ အကျိုးများတယ်။

EPA ရော DHA ကို Fish oil capsules ဆေးတောင့်နဲ့ လာတယ်။ Flaxseed, Flaxseed oil နဲ့ Fish and Krill oils အဆီတွေကို ရေခဲသေတ္ကာနဲ့ ထားရတယ်။ Whole flaxseeds ကို ထောင်းပြီးရင် ၂၄ နာရီအတွင်း စားသုံးရမယ်။ ထောင်းပြီးသားကို Special mylar package စပါရှယ် ထိုးပိုးပြီး ရောင်းတာလဲ ရှိပါတယ်။ ဆေးရောင်းချတဲ့ ကုမ္ပဏီကိုတော့ နာမည်ရှိတာ ဖြစ်ဘို့ သတိထားသင့်တယ်။ တချို့တွေထဲမှာ မလိုလားအပ်တဲ့ Mercury (မာကျူရီ)၊ Lead ခဲ နဲ့ Cadmium (ကဒ်မီယမ်) တွေ ပါနေတတ်တယ်။

- အများသုံး ဆေးတောင့်ထဲမှာ Omega-3 fatty acids EPA 180 mg နဲ့ DHA 120 mg ပါတတ်တယ်။
- အသက် ၁၈ နှစ်အောက် ကလေးတွေအတွက် ဘယ်လောက်ပေးရမယ်ဆိုတာ မသေခြာသေးဘူး။
- လူကြီးတွေကို တနေ့မှာ 3 grams ထက်မပိုသင့်ဘူး။ နှလုံးရောဂါအခံ မရှိသူတွေ တပါတ်မှာ ၂ ခါသာ သောက်ဘို့ သင့်တယ်။
- Coronary heart disease သွေးကြောကျဉ်း-နှလုံးရောဂါရှိသူတွေက EPA နဲ့ DHA နေ့စဉ် 1 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။
- High cholesterol levels (ကိုလက်စထော) များနေသူတွေက EPA နဲ့ DHA နေ့စဉ် 2-4 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။
- Fish oil က လေထတတ်တယ်။ တချို့ ဝမ်းပျက်တယ်။
- Bleeding disorder သွေးယိုတတ်သူတွေ မသောက်သင့်ဘူး။
- Blood-thinning medications သွေးကျဆေး Warfarin or Clopidogrel သောက်နေသူတွေ မသောက်သင့်ဘူး။
- Diabetes ဆီးချိုဆေးတွေထဲက Glipizide, Glyburide, Metformin, Insulin တွေ သုံးနေသူတွေက သတိနဲ့ သောက်ရမယ်။
- Cyclosporine အင်္ဂါအစားထိုးကုသူတွေကိုပေးတဲ့ဆေးသုံးနေသူတွေက သတိနဲ့ သောက်ရမယ်။
- Etretinate and topical steroids စတီရွိုက်ဆေးသုံးနေသူတွေက သတိနဲ့ သောက်ရမယ်။
- Cholesterol-lowering medications (ကိုလက်စထော) ကျဆေး Atorvastatin, Lovastatin, Simvastatin တွေပေးထားသူတွေလဲ သတိနဲ့သာ သောက်သင့်တယ်။

သမိုင်းကို လှန်ရင် Omega-3 fatty acids ကို သိထားတာက ၁၉၃ဝ ကတည်းကဖြစ်ပေမဲ့ နှလုံးအတွက် ကောင်းတာကို ၁၉၉ဝ ကျမှ သိလာရတယ်။ ၈-၉-၂ဝဝ၄ မှာ အမေရိကန် FDA ကနေ EPA နဲ့ DHA n−3 fatty acids တွေဟာ Coronary heart disease နှလုံး-သွေးကြောကျဉ်းရောဂါအတွက် အထောက်အကူပြုနိုင်တယ်။ အသေအခြာကြီးတော့ မဟုတ်ဘူးလို့ ထောက်ခံချက် ပေးခဲ့တယ်။ နှလုံးရောဂါကနေ နောက်ဆက်ဖြစ်နိုင်တဲ့ အန္ကရာယ်ဖြစ်မှာကို လျော့နည်းစေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၂၈-၈-၂ဝ၁၁

Last Updated on Monday, 29 August 2011 07:03