RSS
Tools
Yamunaclinic.org
May 21

Newsflash

Sun, Feb 10, 2013 at 2:37 PM
မွေးရာပါ နှစ်လုံးရောအကြောင်း ဆောင်းပါလေး သိဖွယ်လေး ဆေးပညာမှတ်စုလေးများရှိရင် ပို့ပေးစေလိုပါသည်။

မွေးရာပါ နှလုံးရောဂါ အများစုကို ဘာလို့လာဖြစ်သလဲ ဆရာဝန်တွေ မသိကြပါ။ ဒါလိုမျိုးရောဂါတွေကို တွေ့တိုင်း ကံတရားရဲ့သဘောကို နားလည်အောင်၊ ကံကောင်းအောင် လုပ်ဆောင်ဘို့ တွန်းအားတွေ ရလာစေတယ်။ စာဖတ်သူများကိုလည်း အလေးအနက် တိုက်တွန်းပါရစေ။

Read more...
Gua Sha မက်ကလောင် PDF Print E-mail
Medical Writings - Medical Writings
Written by Administrator   
Monday, 13 June 2011 17:20

gua sha20 Sep 10, 22:12
ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ် ဆရာ။

ကိုယ် မကျွမ်းကျင်တာကို ဆရာမလုပ် သင့်သလို၊ ကိုယ်သိတာနဲ့ မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS လိုပညာသာ သင်ထားသူတွေက “မက်ကလောင်” အပါအဝင် တခြား-တခြား ဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသ၊ အာဃာတ လွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်း ရှိတယ်။ အမေးကို ဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြ-သတိပေးတာနဲ့ ကျားကူပါရစေ။

1.    အဖျားကျအောင် လုပ်တဲ့ နည်းတွေထဲက အန္တရာယ် အကြီးဆုံးကတော့ မက်ကလောင် ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။ (Dr. Junior)
2.    မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ (လျှပ်တစ်ပြက် ဂျာနယ် Vol2 No.53 မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ)
3.    သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက် တစ်ချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည် အပြင်ကို ဘယ်လောက် ထွက်သွားလဲဆိုတာ ချိန်ဆပြီး မှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ ကလေး ဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။ (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ)
4.    ''အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောက လွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ် တက်ပြီး ဆုံးနိုင်ပါတယ်'' ဟု အဆိုပါ ကလေးအထူးကု ဆရာဝန်ကြီးကပြော ကြားခဲ့သည်။ (Eleven Media Group)

“မက်ကလောင်” လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက “ရောဂါ သက်သာတယ်” လို့ ပြောကြတာတွေ အသေအခြာ ရှိမှာပါ။ ပူအောင် လုပ်ပေးရင် နာတာကို သက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသန လုပ်ရင် ရာနှုန်းများများ သက်သာတယ် ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ “ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင် သက်သာတယ်လို့ ကြားဘူးတယ်။” ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်-လက်ခံရင် ကုသမှုရဲ့ ရည်ရွယ်ချက် ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့-ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေ ထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။

“သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်-တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။” ရောဂါ ကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရ ခက်တယ်။ သွေးထွက်ချင်နေသူဆို သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေ ဝင်နိုင်တာလဲ ပါတယ်။ ဒါနဲ့တင် ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာ မဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်၊ လက်ခံပြီး၊ တကမ္ဘာလုံး သုံးနေကြပါတယ်။

မက်ကလောင်နည်းကို Folk medicine “သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်း” လို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever “အဖျားကို ခြစ်ထုတ်ပြစ်နည်း” လို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind “လေကို ခြစ်ထုတ်တာ” နဲ့၊ အင်ဒိုနီးရှား မှာလဲ Scraping technique “ခြစ်နည်း” ဘဲ ခေါ်တယ်။

တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်း နဲ့ ဖြစ်ဖြစ် ပိုက်ဆံစေ့-အဟောင်း နဲ့ ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ ဖြစ်ဖြစ်၊ ကျောက်စိမ်း နဲ့ ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက် ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွား ခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဆီ လိမ်းပေးတယ်။ အပ်စိုက်နည်းမှာ ပါတဲ့ Acupuncture meridians မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည် ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ် သေးသေးလေးတွေကနေ Petechiae သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ Ecchymosis အရေပြား အောက်မှာ ပိုကြီးတဲ့ သွေးယိုတာ ဖြစ်လာမယ်။

၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ် ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါ သက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။

နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever “အဖျားထုတ်ပစ်နည်း” ပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူး-အလယ်ခေါင် နေရာတွေမှာ လုပ်ကြတယ်။

၂ဝဝ၁ က ရိုက်တဲ့ The Treatment ရုပ်ရှင်တကား ရှိတယ်။ အမေရိကား ရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေ တွေ့တော့ Child abuse “ကလေးကို တလွဲလုပ်တယ်” လို့ အထင်မှားခံရပြီး၊ ဒုက္ခ အကြီးအကျယ် ရောက်ကြရတယ်။

ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေး မသောက်ဘဲ၊ လိုအပ်ရင် မထိုးဘဲနဲ့တော့ ဟိုနည်း-ဒီနည်း မလုပ်စေလိုပါ။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လဲ ရတော့မှာ မဟုတ်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း  လက်ရှောင်ကြ စေချင်ပါတယ်။

Dr. တင့်ဆွေ
၂၁-၉-၂ဝ၁ဝ

 

Last Updated on Thursday, 16 June 2011 15:57