RSS
Tools
Yamunaclinic.org
May 19

Newsflash

23 Dec 11, 21:17
ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါအုံးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့တွေ သမားရိုးကျရေချိုးတာ ဘယ်လို ကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။

Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Personal hygiene တကိုယ်ရေ-သန့်ရှင်းရေး၊ Religious ritual ဘာသာရေးထုံးစံ၊ Therapeutic purposes ဆေးကုသနည်း နဲ့ Recreational activity အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ Ritual religious bath ဘာသာရေးအရ လုပ်တာကို Immersion ခေါ်တယ်။ Therapeutic purposes ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။

Read more...
Welcome to Yamuna Online Clinic
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက PDF Print E-mail
Q and A - Q and A
Written by Administrator   
Sunday, 03 July 2011 11:51

• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊
• လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊
• လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့ တိုင်းပြည်။
• ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
This e-mail address is being protected from spambots. You need JavaScript enabled to view it ကို (အီးမေးလ်) ပို့ပါ။

• ဖြေတာတွေကို တင်သင့်တာ တင်ပြီးတာနဲ့ မေးသူရဲ့ (အီးမေးလ်) တွေကို မှတ်တမ်းထဲမှာ ဖျက်လိုက်ပါတယ်။ Privacy သဘောအပြင် ကျင့်ဝတ်အရ လုပ်ရတာပါ။ နောက်တခါ မေးလာလို့ အရင်တခါက ဘာလဲဆိုတာ ပြန်မပြောရင်၊ နောက်ပြီး ပို့သမျှ (အိုင်ဒီ) တွေက မတူရင် ပြန်ရှာရတာ အလုပ်ကြီးတခု ဖြစ်နေပါတယ်။
• စာရိုက်တာမှာလဲ ဂရုစိုက်ပေးစေချင်ပါတယ်။ စာလုံးပေါင်း၊ သတ်ပုံ လိုတာတော့ ကြိုးစား ပြင်ပါမယ်။ (ဒေါ့တ်) တွေနဲ့ ရိုက်တာက ဖတ်ရတာ၊ ပြင်ရတာ မလွယ်ပါ။ ပုဒ်မ-ပုဒ်ထီး ပြီးရင် (စပေ့စ်) မခြားတာ မမှန်ပါ။ ပုဒ်မ-ပုဒ်ထီး ရှေ့က (စပေ့စ်) ခြားတာလဲ မှားပါတယ်။
• မြန်မာစာရေးရင် မြန်မာလိုမှန်၊ အင်္ဂလိပ်ဆိုလဲ သူ့ဟာနဲ့သူ မမှားသင့်ပါ။ ကပြားလဲ ရပါတယ်။ ဒါပေမဲ့ အမှန်တွေ ရောတာမှ လူရာဝင်ပါတယ်။
• အများဖတ်ဘို့ တင်တာဆိုတော့ ပုံနှိပ်ထုတ်ဝေသူတွေလို ဖတ်တဲ့သူတွေကို လေးစားရပါတယ်။
• SMS တွေလို အတိုကောက်ရေးတာ၊ အင်္ဂလိပ်စာကို မြန်မာ အသံထွက်နဲ့ ရိုက်တာ၊ ဒီနေရာမှာ မသင့်လျှော်ပါ။
• တချက်လွဲရင် တသက်လဲ ဖြစ်နိုင်လို့ နားလည်မှုနဲ့ ကူညီစေချင်ပါတယ်။

 

 

Last Updated on Wednesday, 21 December 2011 05:23
 
အသက်ရှည်စွာ အနာမဲ့ကြောင်း PDF Print E-mail
Medical Writings - Medical Writings
Written by Administrator   
Sunday, 12 June 2011 14:56

* အသက်ရှည်စွာ အနာမဲ့ကြောင်း၊
* ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊
* ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊
* ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
* ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊
* ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊
* ကောင်းကျိုးကိုယ်၌ တည်စေမင်း။
လောကသာရပျို့၊ (ကန်တော်မင်းကျောင်းဆရာတော်)

Update

ဆေးပညာစာတွေ၊ နောက်ဆုံးရ ကျန်းမာရေး သတင်းတွေ၊ အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ စာတွေကို ရေးတဲ့အခါ နေ့စွဲ တပ်ပါတယ်။ စာရေး ပြီးတော့လဲ အသစ်တွေ့ရှိချက်တွေကို ထပ်ဖြည့်ရေးပါတယ်။ ဆက်ပြီးတော့လဲ Randomized Controlled Trial (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်တွေကိုလဲ ထပ်ဖြည့်နေပါတယ်။ တတ်စွမ်းသလောက်ပေါ့။

Last Updated on Monday, 15 August 2011 15:45
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  Next 
  •  End 
  • »


Page 1 of 7